အကသင်တန်း ဘယ်လိုဖြစ်သွားလဲ...
အပြန်လမ်းတွင် မိုးက သူ့စိတ်တိုင်းကျ ရွာတစ်လှည့်၊ စဲတစ်ခါ လုပ်နေသည်...
ပီနန်မြို့၊ ဓမ္မိကာရာမကျောင်း ကျောင်းဆောင်သစ်တွင် တည်ထားကိုးကွယ်သော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ရင်ထဲ ကြည်ညိုလို့မဆုံး ဖြစ်မိသည်။ ပုံတော်ကို အလိုရှိသူများ ကူးယူနိုင်ကြပြီး ပုံတော်မှ ဂုဏ်တော်သို့ မှန်းဆ၍ ပွားနိုင်ကြပါစေကုန်...
မနေ့ည ၁၂-နာရီကားနဲ့ ပီနန်းကျွန်း(ပီနန်းမြို့)ရှိ ဓမ္မိကာရာမမြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ကျောင်းဆောင်သစ်ရေစက်ချပွဲသို့ ကျောင်းထိုင်ဘုန်းကြီးဦကောလေးနဲ့ သွားလိုက်ပါသည်။ ဒီနေ့ နေ့ဆွမ်းစားပြီး ကွာလာလမ်ပူကို တန်းပြန်ကြွလာသည်။ အဲဒီကျောင်းမှာ မနက်ဖန်ဆိုလျှင် ဆရာကန်တော့ပွဲရှိသေးသည်။ ဆရာကန်တော့ပွဲကို မစောင့်တော့ဘဲ KL ကို ပြန်လာလိုက်သည်။ အပြန်လမ်းတွင် မိုးက ရွာလိုက်၊ စဲလိုက် လုပ်နေသည်။ ရာသီဥတုက ဘုန်းဘုန်းတို့၏ကိုယ်ကာယကို အေးစေနိုင်သော်လည်း စိတ်ထဲမှာ မလိုလားအပ်သော ပြဿနာများ ဖြစ်လာမှာကို စိုးရိမ်နေမိသည်။
အပြန်လမ်း ကားပေါ်တွင် ၁၅-ရက်နေ့ရဲ့ ရလာဘ်ကို သိချင်နေတာကြောင့် ဘုန်းကြီးဦးကောလေးက ဒကာတစ်ယောက်ကို ဖုန်းဆက်မေးလိုက်သည်။ ဒကာ့ဆီက အဖြေရလိုက်သည်မှာ "လူလေးဆယ်လောက်တော့ စိတ်ဓာတ်မြင့်တင်ရေး လာတက်ကြတယ်၊ အဲဒီလေးဆယ်သော လူတွေလည်း တိုင်းရင်းသားက အများစု ဖြစ်တယ်။ ပွဲတော့ပျက်မသွားဘူး။ ဒါပေမယ့် လူတော့ နည်းသွားတယ်"ဟု ပြောပါသည်။ ထိုအဖြေကို ကြားရသော ဘုန်းဘုန်းတို့မှာလည်း စိတ်ချမ်းသာရပါသည်။ အဘယ်ကြောင့်ဆိုသော် ဘာပြဿနာမှ မဖြစ်ဘဲ အေးအေးလူလူနဲ့ပြီးသွားဖို့ကို လိုလားသည်။ မျှော်လင့်သည်။ ပြဿနာဖြစ်လို့ ရိုက်ကြနှက်ကြပြီဆိုလျှင် သူ့ဘက်လည်းမကောင်း၊ ကိုယ့်ဘက်လည်း အဆိုးနဲ့သာ ရင်ဆိုင်ရဖွယ်ရှိသည်။
စိတ်ဓာတ်မြင့်တင်ရေးသင်တန်း လာတက်ကြသော လူလေးဆယ်ခန့်တို့သည်လည်း တခြားလူတွေမဟုတ်ဘဲ ဣဒ္ဓိပါလနဲ့ပတ်သက်နေသော လင်ဇီးကုမ္ပဏီက လူများဖြစ်ပေလိမ့်မည်ဟု ကောက်ချက်ချမိသည်။ သို့ဆိုလျှင် မလေးရှားရောက် ရွှေမြန်မာများသည် လင်ဇီးကုမ္ပဏီကလွဲပြီး ကျန်တဲ့လူများ စိတ်မ၀င်စားကြကြောင်း သိနေလောက်ပေပြီ ဖြစ်သည်။ မြန်မာပြည်မှာတုန်းက ဒီလိုသင်တန်းမျိုး မပြုလုပ်တော့ဟု သံဃာ့ဥက္ကဌဆီမှာ ၀န်ခံကတိရေးထိုးပြီး ဖြစ်ပါလျက်နဲ့ ဘယ်လိုကြောင့်များ ကတိမတည်ပါပဲ မလေးရှားမှာ ရောက်ရှိနေကြသော ရွှေမြန်မာဗုဒ္ဓဘာသာတွေကိုလည်း ထပ်ပြီး လာဖျက်ဆီးလိုပါသနည်း။ ရက်စက်ကြမ်းကြုတ်သည့် ဖြစ်ခြင်းပါတကား။ ဗုဒ္ဓဘာသာကို ချစ်မြတ်နိုး၊ ရိုသေကိုင်းရှိုင်းပါလျက်နဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး လေးလေးနက်နက်သိဖို့၊ ဃဂနဏသိဖို့ လေ့လာရန် စားဝတ်နေရေးကြောင့် အချိန်မပေးနိုင်ကြသော မြန်မာလူမျိုးများအတွက် ဘာသာရေးနဲ့ပတ်သက်ပြီး အသိေ၀၀ါးကာ လမ်းမှားသို့ရောက်သွားနိုင်သည်။
ဘုန်းဘုန်းတို့အထင်ကတော့ စီးပွားရေးလည်းဖြစ်၊ ဗုဒ္ဓဘာသာကိုလည်း ဖျက်ဆီးပြီးသားဖြစ်သောကြောင့် (တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်သောကြောင့်) လုပ်သည်ဖြစ်လိမ့်မည်ဟု ယူဆမိသည်။ သူ့ကိုစပွန်ဆာပေးသော ဒကာမကလည်း လင်ဇီးကုမ္ပဏီက အတွင်းရေးမှူးဖြစ်တဲ့ မူဆလင်ဘာသာဝင်တစ်ဦးဖြစ်သည်။ မူဆလင်ဘာသာကိုးကွယ်သည်ကို အပြစ်ပြောလိုသည်မဟုတ်ပါ။ လူသားတိုင်းမှာ Human Rights ရှိသည်။ မိမိကြိုက်နှစ်သက်ရာကို ကိုးကွယ်ခွင့်ရှိပေသည်။
လောကမှာ ဘုရားပေါင်းများစွာရှိသည်။ ဘုန်းဘုန်းတို့ဗုဒ္ဓဘာသာသည် လူသားစင်စစ်မှ ဘုရားဖြစ်လာသော သိဒ္ဓတ္ထမင်းသား၊ ဂေါတမဗုဒ္ဓကို ယုံကြည်ကိုးကွယ်သည်။ ဘုရားဆိုသည်မှာ လူသားစင်စစ်မှ မဟုတ်။ မိမိတို့ယုံကြည်သည့်အရာသည် ဘုရားပင်ဖြစ်သည်။ နွား၊ မြွေစသည့် တိရိစ္ဆာန်များကို ကိုးကွယ်သူများသည် နွား၊ မြွေစသည်သည် သူတို့၏ဘုရားပင် ဖြစ်သည်။ အပင်ကို ကိုးကွယ်သူများသည် အပင်သည် သူတို့၏အရှင်သခင်ပင် ဖြစ်သည်။ ရှိစေတော့…။
စာရေးသူပြောလိုသည်မှာ Human Rights ကိုယ်စီရှိလျက်နဲ့ (မိမိနှစ်သက်ရာကို ကိုးကွယ်ခွင့်ရှိလျက်နဲ့၊ ကိုယ့်ဘုရားနဲ့ကိုယ် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိလျက်နဲ့) အဘယ့်ကြောင့် သူတစ်ပါးဘာသာကို စော်ကားလိုပါသနည်း။ မကောင်းမှုကို မနေနိုင်လို့ လုပ်မည်ဆိုလျှင်လည်း ကိုယ့်ဘာသာကိုယ် တိတ်တိတ်ဆိတ်ဆိတ် လုပ်ဖို့လိုသည်။ လုပ်သင့်သည်။ သေသွားလျှင်လည်း ကိုယ့်လမ်းကိုယ်သွားမည် ဖြစ်သည်။ ခုတော့ မကောင်းမှုကို ကိုယ်တစ်ယောက်တည်း လုပ်သည်မဟုတ်ဘဲ သူများတွေလည်း ဒုက္ခရောက်အောင် ဆွဲခေါ်နေသည်ကို အံ့သြလို့ မဆုံးနိုင်တဲ့ အဖြစ်ပါ။
ကမ္ဘာပေါ်ရှိ လူသားများအားလုံးသည် မိမိတို့ယုံကြည်ကိုးကွယ်သော ဘာသာကို သူတစ်ပါးကိုလည်း ယုံကြည်စေ၊ ကိုးကွယ်စေလိုသည့်ဆန္ဒများ ရှိနေတတ်ကြသည်။ တစ်ချို့က အနုနည်းနဲ့ ဆွဲဆောင်သည်။ တစ်ချို့က အကြမ်းဖက်သည့်နည်းနဲ့ သိမ်းသွင်းသည်။ အကြမ်းဖက်နည်းနဲ့ သိမ်းသွင်းခြင်း၊ သူတစ်ပါးဘာသာကို အသရေပျက်အောင်ပြုလုပ်ခြင်း၊ စော်ကားခြင်းသည် မကောင်းဘူးဆိုသည်ကို သာမာန်တွေးကြည့်ရုံနှင့် သိနိုင်ပါသည်။ ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့သည် မိမိယုံကြည်သည့်အရာ၊ မိမိယုံကြည်သည့်ဘာသာ၌ မိမိတို့စိတ်ကြိုက် ကိုးကွယ်နိုင်၊ ပုံအပ်နိုင်၍ ဘာသာခြားကို မေတ္တာမထားနိုင်သော်လည်း လျစ်လျူရှုနိုင်ကြပါစေကြောင်း…။
Friday, May 13, 2011
ကုလားဘုန်းကြီးအကြောင်း သိကောင်းစရာ
ဒီစာသားများအားလုံးကို ဒီနေရာမှ ကူးယူဖော်ပြပါသည်
ရဟန်းတုလော၊ တံဆိပ်တုလော
ဟိုတနေ့က ဒကာတစ်ယောက် လာလျှောက်တယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ
အရှင်ဣဒ္ဓိပါလ အမည်ရှိ ရဟန်းတစ်ပါး ရောက်ရှိနေကြောင်း၊
အဲ့ဒီရဟန်းဟာ ဗုဒ္ဓဘာသာသာသနာတော်နဲ့ လုံးဝ မဆီလျှော်တဲ့
အပြုအမူ အပြောအဆို အကျင့်အကြံတွေနဲ့
ရိုးသားတဲ့ မြန်မာ ဗုဒ္ဓဘာသာတွေကို စည်းရုံးသိမ်းသွင်းနေကြောင်း
၁၅၊ ၅၊ ၂၀၁၀ မှာ မြို့ထဲမှာ သူ့ရဲ့ ပွဲရှိကြောင်း
လျှောက်ကြားလာပါတယ်။
ဒါနဲ့ အဲ့ဒီရဟန်းနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို လိုက်လံ ဖတ်ကြည့်မိပါတယ်။
သိလာရတာက ဒီပုဂ္ဂိုလ်ဟာ
တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုဒ္ဓဘာသာသာသနာကို
စော်ကား ဖျက်ဆီးထားတာကို တွေ့ရပါတယ်။
ဗုဒ္ဓဘာသာရဲ့ ဘာသာရေးခေါင်းဆောင်များဝတ်ရတဲ့
သင်္ကန်းတော်ကို ၀တ်ဆင်ပြီး
ဗုဒ္ဓဘုရားရှင် ချမှတ်ထားတဲ့ ၀ိနည်းဥပဒေကို
လုံးဝလိုက်နာခြင်းမရှိဘဲ
ပြောင်ပြောင်တင်းတင်းဆန့်ကျင်တာကို တွေ့ရပါတယ်။
သူ့ကိုယ်သူ ဗုဒ္ဓဘုရားရှင်သားတော်ဆိုပြီး
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို ဘာလို့မဟောရတာလဲ။
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို မဟောချင်ဘူးဆိုရင်
လူအ၀တ်အစားနဲ့ ကိုယ်ဟောချင်ရာ ဟောပါလား။
ကိုယ်တတ်ထားတဲ့ပညာကို ကိုယ်ကိုယ်တိုင် မယုံကြည်လို့
သင်္ကန်းဝတ်ပြီး သင်္ကန်းအားကိုးနဲ့ စီးပွါးရှာနေတာလား။ လူတွေကို သိမ်းသွင်းနေတာလား။
ဒီလိုမျိုးလုပ်နေတာဟာ
ကိုယ်ထုတ်တဲ့ကုန်ပစ္စည်း ရောင်းမကောင်းမှာစိုးလို့
သူများရဲ့ နာမည်ကြီးပြီးသား အမှတ်တံဆိပ်ကို
ခိုးတပ်ပြီး ရောင်းစားတာနဲ့ တူနေပါတယ်။
တကယ်တော့
ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အ၀တ်ကို ၀တ်ပြီး
ကိုယ်ပြောချင်တာ ပြောနေတာ စီးပွါ့းရှာနေတာတွေဟာ
ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေကို
ခုတုံးလုပ်နေတာပါ။
ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေကို
စော်ကားနေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီ
http://swenaing.blogspot.com/2011/01/blog-post_6331.html
http://www.youtube.com/watch?v=-8wFYodeGJA&feature=player_embedded
မှာ ဒီလို တွေ့ရပါတယ်။
ဗုဒ္ဓဘာသာ ကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီး
No.1 စိတ်ဓါတ်မြှင့်တင်ရေး သင်တန်း၏ ခေါင်းဆောင်
ဗုဒ္ဓသာသနာကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီးတစ်ဦး
ရန်ကုန်မြို့တွင်း စည်းရုံးသိမ်းသွင်းခြင်များ ပြုလုပ်နေကြာင်းသိရသည်။
ကုလား ဘုန်းကြီး၏ ဘွဲ့အမည်ကို
ဆရာတော် အရှင် Eiddidpala ဟု ပေးထားသည်။
ကုလားဘုန်းကြီးမှ No.1 စိတ်ဓါတ်မြှင့်တင်ရေး သန်းတန်းသားဦးရေ တိုးပွါးရေးအတွက်
လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့
စည်းရုံးသိမ်းသွင်း ပြောကြားနေကြောင်း သိရသည်။
“သင်္ကန်းဝတ်ထားလို့ ဘုန်းကြီးလို့ သာခေါ်ရတယ်။
သူ့လုပ်ရပ်တွေက ကျနော်တို့ ဗုဒ္ဓဘာသာနဲ့ တခြားစီပဲ။
ဟောကြားချက်တွေထဲမှာ သာဓုမခေါ်နဲ့၊
ဘုန်းဘုန်းက လက်ခုပ်တီးတာပဲ ကြိုက်တယ်တဲ့။
သင်တန်းသားတွေကို အဆိပ်ထုတ်တဲ့ အနေနဲ့ တရုတ်သီချင်းဖွင့်ပြီး ကခိုင်းတယ်။ သင်တန်းသားတွေက လူကြီးတွေပါပါတယ်။ သူတို့လည်း လိုက်ကကြတာပဲ။ ဘယ်လိုတွေလဲမသိဖူးဗျာ ကြည့်ရ အတော်ဆိုးတယ်။”
ဟု ရန်ကုန်မြိုခံ တစ်ဦးက ပြောပြသည်။
ကုလားဘုန်းကြီး ဘာလဲ ဘယ်လဲ
www.dhammagarden. com မှာ ဒီနေ့ Post တင်မရဖြစ်နေလို့
ဒီမှာ (Facebook မှာ) အရင်တင်လိုက်တယ်။
အောက်ကအကြောင်းအရာတွေဟာ
www.dhammagarden.com
မှာ Nyein ဆိုသူက ကွန့်မန့်လာပေးထားတာပါ။
ရန်ကုန်မှာ အဲဒီလို ကျော်မကောင်းကြားမကောင်း
သင်တန်းဖွင့်တာ ပြဿနာတွေတက်သွားလို့ အတိုင်အတောခံရပြီးတဲ့နောက်
မလေးရှား ရောက်သွားတာပါဘုရား။
ရန်ကုန်မှာ သူ့သင်တန်းတွေ ပိတ်ထားတယ်လို့ ကြားရပါတယ်။
သူတို့ဝက်ဆိုက်လဲ အင်တာနက်မှာ တင်ထားပြီးမှ ပြန်ဖြုတ်ထားတယ်။
လူသေလူဖြစ် တရားတွေဟောပြီး ဘုရားရှင် ဟောခဲ့တာတွေကို
အကုန်လိုက်ပြင် လိုက်ဖျက်တဲ့ ရှင်ဥက္ကဌရဲ့ တပည့်အဆက်အနွယ်လို့လဲ သိရပါတယ်။ သူတို့ဆရာက နိဗ္ဗာန်မယုံ ကံမယုံ အပါယ်လေးဘုံ မယုံတဲ့
ရုပ်ဝါဒီ ကွန်မြူနစ်ဆရာကြီးတွေရဲ့ တပည့်ပါ။
သူ ငွေရချင်လို့ ဒီလိုသင်တန်းတွေ လိုက်ဖွင့်နေတာလား စဉ်းစားမိပါတယ်။
ဒါလဲ ဖြစ်နိုင်သလို ဗုဒ္ဓဘာသာကို မလိုတမာစိတ်နဲ့ စော်ကားဖျက်ဆီးဖို့
ရုပ်ကြမ်းဝါဒီ ဒိဌိများက သွန်သင်စေလွှတ်ပြီး သင်္ကန်းဝတ် ဖျက်ဆီးစေတာလဲ ဖြစ်နိုင်ပါတယ်။
မိန်းမတွေ သူ့ရှေ့မှာ ''အားလုံးချွတ်ပစ်လိုက်''ဆိုတဲ့
ညစ်ညစ်ညမ်းညမ်း သီချင်းတီးလုံးနဲ့ တွန့်လိမ်ကောက်ကွေး ကနေတာ မြင်ချင်ရင် အညှီအဟောက်သင်တန်းဆိုပြီး လူဝတ်နဲ့ ဗြောင်လုပ်စားပါလား။
သင်္ကန်းဝတ်နဲ့ လာလုပ်တာတော့ သာသနာ သိက္ခာကျအောင်
သက်သက် ယုတ်မာတယ်လို့ မြင်ပါတယ်။
သူ နိုင်ငံခြား ရောက်ပြီးမှ သူ့ဆိုက် ပြန်အသက်ဝင်နေပါတယ်။
ဓမ္မာစရိယဆိုတာ ညာတာ ဖြစ်လိမ့်မယ်။
ဘယ်အရွယ်က သာသနာ့ဘောင် စဝင်ခဲ့သလဲ။ ဥပဇ္ဈာယ်ဆရာ ဘယ်သူလဲ။
ဘယ်ကျောင်းတွေမှာ သီတင်းသုံးခဲ့လဲ။ စာဝါ ဘယ်တွေမှာ လိုက်ခဲ့သလဲ။
ငယ်လတ်ကြီးတန်းတွေ ဘယ်နှစ်က အောင်ခဲ့သလဲ ဘာမှ သူမပြောနိုင်ဘူး။
သူ့ရဟန်းဝါ ဘယ်နှစ်ဝါ ဆိုတာတောင် သူ ထုတ်မပြောဘူး။
၁၀ တန်း၊ ဓမ္မာစရိယ လို့ သူ့ကိုယ်သူ ပြောထားတယ်။
ငယ်ဖြူကိုယ်တော် အများစုက ကလေးဘဝကတည်းက သာမဏေဝတ်လာတော့
လောကီစာကို စောစောလက်လွှတ်လိုက်တာများတယ်။
ကိုရင်တွေပါ အတန်းတက်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက
ဒီဘက်ပိုင်းမှ ပေါ်လာတာ။ သူ ငယ်တုန်းက ဒီကျောင်းတွေ မပေါ်သေးတော့
ငယ်ဖြူမှန်ရင် ၁၀ တန်းလဲ ၁၀ တန်း၊ ဓမ္မာစရိယလဲ ဓမ္မာစရိယဆိုတာ မဖြစ်နိုင်ဘူး။
အဲဒီခေတ်က အရွယ်ရောက်တဲ့ထိ လောကီစာ သင်ပြီးမှ
ငယ်ငယ်နဲ့ သာသနာ့ဘောင် ဝင်လာတဲ့ အရှင်ဆန္ဒာဓိကတို့လို ကိုယ်တော်တွေက နည်းတယ်။
သူ ဒီလိုကိုယ်တော်မျိုးလဲ ဟုတ်ပုံမရဘူး။
၁၀ တန်းအထိ စာသင်ဖူးတဲ့၊ တစ်သက်လုံး လူဝတ်နဲ့ နေလာတဲ့
လူဝတ်ကြောင် လူလိမ်တစ်ယောက် သာသနာ့ဘောင် ဝင်လာပြီး
ဓမ္မာစရိယလို့ လိမ်ညာစားနေတာလို့ ယူဆပါတယ်။
၁၉ နှစ်သားထဲက တရားဟောခဲ့တယ်တဲ့။
ဘယ်နေရာမှာလဲ၊ ဘယ်ကျောင်းက ဘယ်ဆရာဥပဇ္ဈာယ်ရဲ့
သွန်သင်ကြီးကြပ်မှုနဲ့ ကိုရင်ဘဝကတည်းက တရားဟောခဲ့တာလဲ
ဘာမှ မဖြေနိုင်ဘူး။
ရဟန်းတွေတောင် ဝါငယ်သေးရင်၊ ပရိယတ် မနိုင်သေးရင် တရားမဟောကြတာ
ရဟန်းမဖြစ်ခင် ၁၉ နှစ်သားထဲက တရားဟောတယ်ဆိုတော့
သာသနာအကြောင်း ဘာမှ သေချာမသိထားတဲ့ လူလိမ်တစ်ယောက် ကြွားပုံမျိုးပဲ။
၁၀ နှစ်ကျော် တရားဟောခဲ့တာ တရားဟောတဲ့ မြို့တွေမှာ
ရောက်လေရာမှာ ကြိတ်ကြိတ်တိုး အကြိုခံရတယ်တဲ့။
သူ့ကိုယ်သူ ကြွားထားတာက။
သူ့နာမည်တောင် ဒီလို လူကြားမကောင်းတဲ့ သင်တန်းတွေ ဖွင့်မှ လူတွေစ,ကြားဖူးတယ်။
တစ်ခါမှ မကြားဖူးဘူး။ သူကြွားသလို ထင်ရှားကျော်ကြားနေရင်
ဘာလို့ သူ့ကို ဘယ်သူမှန်း ဘယ်ကမှန်း လူတွေ မသိရတာလဲ။
''ဒီဘုန်းကြီး ဘယ်ကလဲ၊ ဘယ်သူလဲ''ခုမှ မေးစရာ ဖြစ်နေမတဲ့လား။
ခု ဒီလောက် မေးနေတာတောင် သူဘယ်သူလဲ ဘယ်ကလဲဆိုတာ ထုတ်မပြောဘူး။
သူ့စာအုပ်တွေက အုပ်ရေ ၁၀ သိန်းကျော် ရောင်းရတယ်တဲ့။
ထုတ်ဝေသူတွေ ကြားရင် ရယ်လိမ့်မယ်။
မြန်မာပြည်မှာ အုပ်ရေ ၁၀ သိန်းကျော် ရောင်းရတဲ့စာအုပ်
ဘက်ဆဲလားစာရေးဆရာတွေတောင် မရှိဘူး။
တစ်ခါမှ မရှိဘူးတဲ့ အုပ်ရေပဲ။
သူ့သင်တန်းက ဒီလို လိမ်စားညာစားနည်းတွေနဲ့ လုပ်စားနေတာပဲ။
ရဟန်း လုံးဝ ဟုတ်ကိုမဟုတ်တာပါ။
လူလိမ်လူညာ ရဟန်းယောင်ဆောင်ပြီး လာလိမ်နေတာပါ။
မလေးရှားက မြန်မာတွေ ဒင်းကို ဘယ်ကလဲ ဘယ်သူလဲ စစ်မေးသင့်ပါတယ်။ သူ့နောက်ကြောင်းကို သူ တိတိကျကျ လုံးဝ ထုတ်မပြောရဲတာ မရိုးသားမှန်း ထင်ရှားနေပါတယ်။
မှတ်ချက်။ မနေ့က Facebook မှာ တင်လိုက်တဲ့ ပို့စ်ပါ။

Wednesday, May 11, 2011
ထူးခြားဖြစ်စဉ်သတင်း
အထူးသတိပေး နှိုးဆော်ချက်
မြန်မာနိုင်ငံတွင် No. 1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းဟု အမည်တပ်ကာ ဒစ္စကိုအကများကို သင်တန်းပေးနေသော ဗုဒ္ဓဘာသာအရေခြုံဘာသာဖျက်ဘုန်းကြီး ဦးဣဒ္ဓိပါလသည် ၁၅.၅.၂၀၁၁ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ SM ကုန်တိုက်တွင် စိတ်ဓာတ်မြှင့်တင်ရေး ဟောပြော ပွဲဟုဆိုကာ ဒစ္စကိုအကများကို သင်တန်းပေးရန် ရောက်ရှိနေပါသည်။
အဆိုပါ ဦးဣဒ္ဓိပါလက ရဟန်းတို့စောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာနှင့် ဆန့်ကျင်ကာ ထိုကဲ့သို့ အကသင်တန်းများ ဘာသာရေးနှင့် သက်ဆိုင်ခြင်းမရှိသော ဟောပြောပို့ချမှုများ ပြုလုပ် နေခြင်းသည် ဗုဒ္ဓသာသနာ၏ အသရေကို ညှိုးနွမ်းစေခြင်း၊ အသိအမြင် ကြွယ်ဝခြင်းမရှိသေးသည့် အချို့သော ဗုဒ္ဓဘာသာဝင်လူငယ်လူရွယ်များကို အသိေ၀၀ါးကာ လမ်းမှားသို့ ရောက်ရှိစေခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
သို့ပါသောကြောင့် အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ခြင်းအလို့ငှါ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အဆိုပါ သာသနာဖျက်ဘုန်းကြီး၏ ဟောပြောပွဲသို့ မတက်ရောက် ကြပါရန် နှိုးဆော်အပ်ပါသည်။
တာဝန်သိ ဗုဒ္ဓဘာသာဝင်တစ်ဦး
မလေးရှားနိုင်ငံရောက် မြန်မာထေရ၀ါဒ သံဃာတော်များ၏ကြေညာချက်
၁၁. ၅. ၂၀၁၁
မြန်မာပြည်ထေရ၀ါဒရဟန်းတော်များသည် ဂန္ထဓူရ၊ ၀ိပဿနာဓူရနှစ်ခုသာ ကျင့်ကြံတော်မူ ပါ၏။ ဂန္ထဓူရသည် စာသင်စာချခြင်းဖြစ်၍ ၀ိပဿနာဓူရသည် တရားအားထုတ်၊ တရားဟောခြင်း ဖြစ်၏။
ထိုနှစ်ပါးမှလွဲ၍ အကသင်တန်းပေးခြင်း၊ ဗေဒင်ဟောခြင်း၊ ယတြာချေခြင်း၊ ဓာတ်ရိုက် ဓာတ်ဆင် ဆေးကုခြင်းစသည်များသည် ထေရ၀ါဒရဟန်းတော်များ၏ အလုပ်မဟုတ်ပါ။ အလဇ္ဇီ ဒုဿီလများ၏ အလုပ်များသာဖြစ်၏။
ထို့ကြောင့် ၁၅. ၅. ၂၀၁၁ နေ့ SM ခန်းမတွင် ပြုလုပ်မည်ဖြစ်သော ရဟန်းအမည်ခံပုဂ္ဂ္ဂိုလ်၏ လုပ်ရပ်များသည် သာသနာတော်နှင့် လုံးဝဆန့်ကျင်၍ မသင့်လျှော်သော လုပ်ရပ်များဖြစ်သောကြောင့် မလေးရှားနိုင်ငံရောက် ထေရ၀ါဒသံဃာတော်များက ဆန့်ကျင်ကန့်ကွက်ပါကြောင်း ကြေငြာအပ် ပါသည်။
မလေးရှားရောက် မြန်မာထေရ၀ါဒသံဃာတော်များ
၁။ ဓမ္မဂုဏ်ရည်ကျောင်းဆရာတော်…
၂။ ဓမ္မရံသီကျောင်းဆရာတော်…
၃။ ဓမ္မရောင်ခြည်ကျောင်းဆရာတော်…
၎။ ဓမ္မ၀ိဟာရကျောင်းဆရာတော်…
၅။ ဗုဒ္ဓ၀ိဟာရကျောင်းဆရာတော်…
၆။ သမ္မာသမ္ဗောဓိကျောင်းဆရာတော်…
၇။ ချမ်ပကာကျောင်းဆရာတော်…
၈။ သီရိမင်္ဂလာဓမ္မာရုံကျောင်းဆရာတော်…
၉။ မေတ္တာဝိဟာရကျောင်းဆရာတော်…
၁၀။ ရတနာဒီပံကျောင်းဆရာတော်…
၁၁။ ဇေယျဝတီကျောင်းဆရာတော်…
၁၂။ ညောင်ကန်အေးကူချိုင်းလားမားကျောင်းဆရာတော်…
၁၃။ ညောင်ကန်အေးစမှုံညင်းဆရာတော်…
၁၄။ ညောင်ကန်အေးသတိပဋ္ဌာနဓမ္မရိပ်သာကျောင်းဆရာတော်…
၁၅။ သီတ၀ိဟာရကျောင်းဆရာတော်…
၁၆။ စန္ဒ၀ိဟာရကျောင်းဆရာတော်…
၁၇။ ငြိမ်းချမ်းအေးကျောင်းဆရာတော်…
၁၈။ ဆူဘန်းကျောင်းဆရာတော်…
၁၉။ သာသနာ့အောင်စည်ကျောင်းဆရာတော်…
၂၀။ မြန်မာဂုဏ်ရည်ကျောင်းဆရာတော်…
၂၁။ KAPAR သာသနာ့ရံသီမြန်မာဗုဒ္ဓဘာသာကျောင်းဆရာတော်…
၂၂။ ဂျိုဟိုးညောင်ကန်အေးကျောင်းဆရာတော်…
၂၃။ ပဋ္ဌာန်းကျောင်းဆရာတော်…
၂၄။ ဓမ္မဒီပရွှေကျောင်းဆရာတော်…
ဗုဒ္ဓဘာသာသံဃာတော်များအနေဖြင့် ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းများကို မပြုလုပ်ရဟု ဗုဒ္ဓမြတ်စွာ မိန့်မှာတော်မူခဲ့ပါသည်။ သို့ဖြစ်ပါလျက် သင်္ကန်းဝတ်ရုံကာ အကသင်တန်းများ ပေးခြင်း သည် သံဃာတော်တို့၏လုပ်ရပ်နှင့် လုံးဝဆန့်ကျင်နေပါသည်။ အဆိုအကသင်တန်းများသည် လူဝတ် ကြောင်တို့နှင့်သာ သက်ဆိုင်ပါသည်။ ထို့ကြောင့် သင်္ကန်းကိုဝတ်ရုံလျက် အကသင်တန်းပေးခြင်းသည် သာသနာကို ဖျက်ဆီးသူဖြစ်ပါသည်။ အခုချိန်တွင် အ၀ီစိမှာ ခံစားနေရရှာသော အရှင်ဒေ၀ဒတ်သည် ဘုရားရှင်လက်ထက်တော်အခါတုန်းက သံဃာကို အသင်းခွဲခဲ့သူ၊ သာသနာကိုဖျက်ဆီးခဲ့သူ၊ ဗုဒ္ဓကို စော်ကားခဲ့သူ ဖြစ်ပါသည်။ အခု No. 1 အမည်ဖြင့် အကသင်တန်းပေးသော အရှင်ဣဒ္ဓိပါလ သည်လည်း ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုသော စိတ်ဓာတ်နှင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် ပြောရလျှင် ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးကြသော၊ ဗုဒ္ဓဟောဓမ္မကို လိုက်နာကျင့်ကြံကြသော ဗုဒ္ဓဘာသာဝင်များသည် သာသနာကို ဖျက်ဆီးနေသော အရှင်ဣဒ္ဓိပါလ၏ အကသင်တန်းသို့ တက်ရောက်ခြင်းမပြုလုပ်ကြပါရန် စေတနာမေတ္တာရှေ့ထား၍ အထူးပဲ တိုက်တွန်း သတိပေးအပ်ပါသည်။
အားလုံးသော သမဂ္ဂ္ဂသံဃာတို့၏ကိုယ်စား

No comments:
Post a Comment